ကချင်ပြည်နယ်သယံဇာတရေးဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဧပြီ ၈

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့၌ မြို့တော်အင်္ဂါရပ်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီခွဲက ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် ရေကစားမဏ္ဍပ်/ ဖျော်ဖြေရေးမဏ္ဍပ် များ တည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနား ဆွမ်ပရာဘွမ်လမ်းမ၌ ရထား သံလမ်းကူးနေရာမှ ဆမားလမ်းကြား (ကျောက်စိမ်းလမ်းဆုံ)အထိ လမ်းလျှောက်သင်္ကြန်ပြု လုပ်နိုင်ရေး လောင်းလှေများ နေရာချထားမှု၊ နံ့သာမဏ္ဍပ်များ၊ ဌာနဆိုင်ရာ စတုဒီ သာမဏ္ဍပ်များဖြင့် ထည့်သွင်းလျာထားဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဗဟိုမဏ္ဍပ်တည်ဆောက်နေမှု အခြေအနေများ၊ ပေ (၁၇၀x၆၅)ပေရှိ ဗဟိုမဏ္ဍပ်အတွင်းဖျော်ဖြေရေးစင်မြင့်၊ ဧည့်သည်တော်ကြည့်ရှုနိုင်မည့်နေရာများ၊ ရေလုံလောက်စွာရရှိရေး ယာယီရေကန်များ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လျှပ်စစ်မီးသွယ်တန်းပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဆမားလမ်းမပေါ်၌ ဒေသခံစီးပွားရေးလုပ်ငန်းရှင် အစုအဖွဲ့များ၏ ရေကစား မဏ္ဍပ်၊ ပေ (၆၅x၃၅) ပေရှိ ဖျော်ဖြေရေးမဏ္ဍပ် (၆)ခု တည်ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီးပြည်နယ်ဝန်ကြီးကမဏ္ဍပ်များ အချိန်မီပြီးစီးအောင် တည် ဆောက်နိုင်ရေးနှင့် ရေကစားပွဲတော်ဖြစ်သည့်အတွက် ရေပြတ်လပ်မှုမဖြစ်ပေါ်စေရေးအရန်အစီအစဉ်များဖြင့် စီမံဆောင်ရွက် ထားရှိရေး၊ ခိုင်ခန့်မှုရှိစေရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)