မိုင်းခတ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

မိုင်းခတ်    ဧပြီ      ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း Women Club နှင့် Book Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခတ်မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး Women Club အဖွဲ့ဥက္ကဋ္ဌဒေါ်တင်ဝင်းရီနှင့်အဖွဲ့ဝင်များက ဗန်းမော်သိန်းဖေရေးသားသည့် မျှဝေလိုသောအတွေးများ၊ စာရွက်ပေါ်ကအမည်းစက်လေးတစ်စက်၊ စာတစ်အုပ်ကိုဘယ်လိုဖတ်သင့်သလဲ၊ ဘယ်လိုစာအုပ်မျိုးဖတ်ရမလဲစသည့်‌ ခေါင်းစဉ်ပါအကြောင်းအရာများကို ဖတ်ကြားဆွေးနွေးကြသည်။

ဆက်လက်ပြီး Book Club အဖွဲ့မှအဖွဲ့ဝင်ဦးမာကုကကိုယ်ချင်းစာနိုင်မယ့်သူ၊ အဖွဲ့ဝင်မဒီဘောလာကမိ‌ခင်‌မေတ္တာ၊ အဖွဲ့ဝင်မ‌စောလှကစေတနာအကျိုးပေးစသည့်‌ ခေါင်းစဉ်ပါအကြောင်းအရာများကိုဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)