မိုင်းယောင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မိုင်းယောင်း  ဧပြီ  ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်နန်းပန်က အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ()ရပ်၊ နည်းဗျူဟာ()ရပ်အကြောင်းကို ဆွေးနွေးပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းက မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းကို ဆွေးနွေးခဲ့သည်။

ထို့နောက် အငယ်တန်းစာရေးဦးထွန်းမြင့်လှိုင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများကိုလည်းကောင်း ဆွေးနွေးပြီး လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်က ကဗျာဆရာမင်းသန်းနိုင်(မုဒုံ)ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်ကဗျာကိုလည်းကောင်းအသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း