ပုဗ္ဗသီရိမြို့နယ်၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ပုဗ္ဗသီရိ ဧပြီ ၈

ပုဗ္ဗသိရိမြို့နယ် သပြေတန်းကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ ဇေယျာသီရိခရိုင်နှင့် ပုဗ္ဗသီရိမြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့မှတာဝန်ရှိသူများသည် အမျိုးသမီးများအ​ပေါ် အကြမ်းဖက်မှုမှကာကွယ်​ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်​ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ​ဟောပြောပွဲတွင် နေပြည်တော်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးမှ ရဲမှူးမြင့်အောင်နှင့်အဖွဲ့များ၊ ဇေယျာသီရိခရိုင်  ဒုခရိုင်ရဲမှူး ရဲမှူးဇော်မင်းနိုင်နှင့်အဖွဲ့များ၊ ဇေယျာသီရိခရိုင် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်အေးချိုချိုနှင့်အဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်အေးအေးနွဲ့နှင့်အဖွဲ့များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာဇေယျာသီရိခရိုင် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်အေးချိုချိုမှ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကင်းဝေးစေရေးသိကောင်းစရာများအားလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်အေးအေးနွဲ့က အကြမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအားလည်ကောင်း ဟောပြောခဲ့ပြီး နေပြည်တော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးမှ ရဲမှူးမြင့်အောင်က လူကုန်ကူးမှု ဖြစ်ပွားစေ​သောအကြောင်း အရင်းများအားလည်းကောင်း၊ ဇေယျာသီရိခရိုင် ဒုခရိုင်ရဲမှူး ရဲမှူးဇော်မင်းနိုင်က လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများအသုံးပြုသည့် နည်းလမ်းများနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ကျေးရွာအတွင်းမှ အမျိုးသမီးငယ် ၅၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)