မြိုင် ဧပြီ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ဧပြီလ ၅ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ပြုလုပ်သည်။
အဆိုပါ Talk Show တွင် မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြိုင်မြို့နယ်တာဝန်ခံ ဦးဇော်ထွန်းဦးတို့ကဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းများ၏ ကုန်ညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေများ၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်နေမှုအခြေအနေများအကြောင်းတို့ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show အစီအစဉ်များကို ပြုလုပ်လျက်ရှိပြီး Online နှင့် Facebook Page များမှတစ်ဆင့်လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
မယ်ခွေ