ဗန်းမောက် ဧပြီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့နေ့လည် (၁း၀၀) အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသူဟန်က မြို့နယ်အတွင်းရှိ စာပေချစ်သူများနှင့် လူငယ်လူရွယ်များ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ၊ ဆွေးနွေးသည့် စာအုပ်ပါ အကြောင်းအရာများအပြင် မိမိတို့ လေ့လာဖတ်ရှုမှတ်သားထားသည့် အခြား အသိပညာဗဟုသုတရဖွယ် အကြောင်းအရာများကိုပါ ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် Book Club အဖွဲ့ဝင် ဒေါ်ညိုတင်က စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားထားသည့် လူငယ်တွေစဉ်းစားဖို့ (လူငယ်တို့အတွက် အတွေးစာစုများ) စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင် ဒေါ်သီတာနှင့် စာပေချစ်သူ ဦးဇွဲခန့်ကျော်တို့က ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ မြို့နယ် Book Club အဖွဲ့ဝင်များ စာပေချစ်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မေသူ(ဗန်းမောက်)