ပန်းတနော်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်

ပန်းတနော် ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အစီအစဥ်အရ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်း က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရန်နှင့် ကလေးငယ်များ ကျန်းမာရေးကောင်မွန်ပြီး ထူးချွန်ထက်မြက်သည့် လူရည်ချွန်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကိုယ်ဝန်ဆောင်မိခင် (၂၄၀၅)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၁၉၂၇)ဦးတို့အတွက် တစ်ဦးလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက အိမ်တိုင် ရာရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)