သတင်းများ

တန့်ယန်းမြို့နယ်တွင် မူလတန်းကြိုကျောင်း၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြော၍ ဝတ်စုံနှင့် စားသောက်ဖွယ်ရာများပေးအပ်
Apr 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူး၍ အမှတ်(၁)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်း၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဝတ်စုံများထောက်ပံ့ပေးအပ်ခြင်း၊ အာဟာရပြည့်ဝစေရန် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်
Apr 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာစျေး၌ ဆောင်ရွက်ကြသည်။
 ကျိုင်းတုံမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 07,2023
ကျိုင်းတုံမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၈ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ
Apr 07,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ စာရေးဆရာမ ဒေါက်တာမတင်ဝင်း၏ "အလုပ်ဆိုတာအင်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ကြံခင်းမြို့နယ် ခေမာသီဝံကျောင်းတိုက်တွင် ယဉ်ကျေးလိမ္မာနှင့် အခြေခံအင်္ဂလိပ်စာ၊ ကွန်ပျုတာသင်တန်းများ ဖွင့်လှစ်သင်ကြားပေး
Apr 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ လိမ္မာ ယဉ်ကျေးပြီး အသိပညာဗဟုသုတများ တိုးပွား ရရှိစေရန် ရည်ရွယ်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနှင့် အခြေခံအင်္ဂလိပ်စာ၊ ကွန်ပျုတာသင်တန်းများကို ကြံခင်းမြို့ ဘိလပ်မြေစက်ရုံ (၄၀)စကေးရှိ ခေမာသီဝံ ကျောင်းတိုက်အတွင်း ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Apr 07,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီကကျင်းပခဲ့သည်။
မင်းတုန်းမြို့တွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ပြုလုပ်
Apr 07,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community centre)တွင် ဧပြီ ၅ ရက်နေ့နံနက် ၁၁ နာရီခွဲက စားသုံးသူရေးရာအသိပညာပေး Talk Show ပြုလုပ်ရာ သရက်ခရိုင် စားငုံးသူရေးရာဦးစီးဌာန မင်းတုန်းမြို့နယ် တာဝန်ခံဦးကျော်ရွှေက ဝန်ဆောင်မှုနှင့် ပါတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့သည်။
ကာလိမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်
Apr 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်က ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။