ပိုင်ကျုံ ဧပြီ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ နွေရာသီကျောင်းပိတ်ရက်များတွင်အချိန်ကို အကျိုးရှိစွာအသုံးချတတ်လာစေရေးအတွက် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ကလေးငယ်များအား ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပုံမှန်လာရောက် လေ့လာကြသည့်ကျောင်းသား လူငယ်များအား ဉာဏ်ရည်ဉာဏ်ထက်မြက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတို့ကပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် သင်္ချာဉာဏ်စမ်း ပြိုင်ပွဲတို့ ဆောင်ရွက်ပေးခဲ့သည်။
ထိုပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား ပျော်ရွှင်စေရေးအတွက် အမှတ်တရလက်ဆောင်အဖြစ်ဗလာ စာအုပ်နှင့် အာဟာရမုန့်များ ကျွေးမွေးဧည့်ခံခဲ့ပြီး ပြိုင်ပွဲများကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
နော်ခူး(ပြန်/ဆက်)