သာပေါင်းမြို့နယ်၌ တောဆင်ရိုင်းအနင်းခံရသဖြင့် သေဆုံးသူတစ်ဦးနှင့် နေအိမ်တစ်လုံးပြိုကျပျက်စီးမှုအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်

သာပေါင်း ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာအုပ်စုတွင် တောဆင်နင်းခံ သေဆုံးသူ တစ်ဦး၊ ကွင်းကောက်ကျေးရွာအုပ်စုတို့တွင် ထူးခြားဘေး (တောဆင်ရိုက်ချိုးဖျက်စီးမှုကြောင့်) နေအိမ်တစ်လုံး ပြိုကျပျက်စီးမှုတို့အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးရန်ပုံငွေနှင့်ပစ္စည်းများကို ယနေ့ ဧပြီလ ၅ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ထူးခြားဘေး (တောဆင်နင်းခံ၊ ရိုက်ချိုးဖျက်စီးမှုခံ)သင့် ပြည်သူများနှင့်သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခိုင်ခိုင်ဝင်းနှင့်ဝန်ထမ်းများမှ လှေကြီးတက်ကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာတွင် (၂-၄-၂၀၂၃)ရက်နေ့၌ ဖြစ်ပွားခဲ့သော ထူးခြားဘေး တောဆင်နင်းခံရ၍ သေဆုံးသူ(၁)ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၃၀၀၀၀ဝိ/)ကျပ်၊ ကွင်းကောက်ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာ၌ (၂-၄-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ထူးခြားဘေး (တောဆင်ရိုက်ချိုးဖျက်စီးမှု) ကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၈၄၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀)၊ စုစုပေါင်းရန်ုပုံငွေ (၁၀၈၄၀၀)တို့ကို ဧပြီလ ၅ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ‌ နေထိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကယ်ဆယ်ရေးရန်ပုံငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)