ကျွန်းစုမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကျင်းပ

ကျွန်းစု ဧပြီ ၆

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁ဝ) နာရီအချိန်က ကျွန်းစုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ယခုနှစ် မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများကို အသေးစိတ်တင်ပြပေးကြရန်၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်ချမ်းမြေ့စွာ ရေးကစားနိုင်ရေးနှင့် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် စုပေါင်းဆောင်ရွက်ပေးကြရန်နှင့် လုံခြုံရေးလစ်ဟင်းမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန် ပြောကြား သည်။

ထို့နောက် တက်ရောက်လာကြသော ကော်မတီဝင်များက မဏ္ဍပ်ဆောက်လုပ်ရေးနှင့် အခမ်းအနား ပြင်ဆင်ရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ/ပိတ်ပွဲနှင့် ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ ရေးကစားရေး၊ သင်္ကြန်ယိမ်းအကဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်း ထုတ်ပြန်ရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ သက်ကြီးဘိုးဘွားပူဇော်ကျင်းပရေးနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပွဲ ကျင်းပရေး လုပ်ငန်းများအား ကော်မတီအလိုက် ရှင်းလင်းတင်ပြရာ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌက လိုအပ်သည်များ ပူးပေါင်းညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

စိုးစိုးသွယ်(ကျွန်းစု ပြန်/ဆက်)