လပွတ္တာ ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေး သင်တန်းကို လပွတ္တာမြို့ ရွေးနဒီခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးတင့်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တိုင်းတာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းကတိုင်းရင်းသား လူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းဆောင်ရွက် ချက်များအား ရှင်းလင်းပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန လပွတ္တာခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန၊ လက်ထောက်သုတေသနအရာရှိ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲမွေးမြူရေးစခန်းတာဝန်ခံတို့က အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသို့ သင်တန်းသား(၂၆၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
လပွတ္တာ(ပြန်/ဆက်)