မိုင်းတုံမြို့၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းနှင့် စာအုပ်စာ‌စောင်များ ပြသ

မိုင်းတုံ ဧပြီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ‌ မောင်မင်းစိုး၏ "လူငယ်နဲ့စရိုက်စိုး(ဘဝ‌နေနည်းလမ်းညွှန်)" စာအုပ်ကို ယနေ့ နံနက် ၁ဝ နာရီ ၂၀ မိနစ်အချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (BOOK CLUB)အသင်းဝင်က ဦးဆောင်၍ စာရေးဆရာ မောင်မင်းစိုး၏ "လူငယ်နဲ့စရိုက်စိုး(ဘဝ‌နေနည်းလမ်းညွှန်)" စာအုပ်နှင့်ပတ်သက်၍ ဦးဆောင် ဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်‌ရောက်လာသော စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (BOOK CLUB) အဖွဲ့ဝင်များမှ အပြန်အလှန်‌ ဆွေးနွေးပေးခဲ့ကြပြီး‌နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်/စာစောင်များနှင့် မှတ်တမ်းဓာတ်ပုံများပြသရာ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)