မိုင်းငေါ့ ဧပြီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြိုန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် Talk Show ကို ယမန်နေ့နံနက် (၁၀)နာရီ တွင်ကျင်းပသည်။
ဆွေးနွေးပွဲတွင် မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး အားကစားပြုလုပ်ခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ အားကစားမပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအကြောင်း ကိုလည်းကောင်း၊စာကြည့်တိုက်မှူး ဒေါ်မို့မို့က လူငယ်များအားကစားပြုလုပ်သင့်သည့် ရည်ရွယ်ချက်များနှင့် ပြည်သူများအားကစား ပြုလုပ်သင့်သည့် အကြောင်းအရာများကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းငေါ့မြို့ရုံးအနေဖြင့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူရုပ်ခေါက်၊ ဆေး၊ ရောင်ခြယ်သခြင်း၊ ပြိုင်ပွဲများပြုလုပ်ပေးသည့်အပြင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲ(Talk Show) စသည့် အသိပညာအစီအစဉ်များကို စဉ်ဆက်မပြက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)