ပန်း​တောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Book Club နှင့် စာဖတ်ဝိုင်းကျင်းပ

ပန်းတောင်း ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေနံနက်(၉)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာပန်းတောင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက စာပေကို ချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ မပျောက် ပျက်စေရန်၊ စာပေကိုချစ်မြတ်နိုးသူများ အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် စာပေကို တန်ဖိုးထားမြတ်နိုးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း  Book Club  ဦးသက်နိုင်ဦးက စာရေးဆရာ ပီမိုးနှင်းရေးသားထားသော စိတ်ပညာစာအုပ်နှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေမြတ်နိုးသူများကလည်း ၎င်းတို့၏အတွေးအမြင်များကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ယခုလိုစာ​ပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ လစဉ်ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)