ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်းဆောင်ရွက်

ဆင်ပေါင်ဝဲ ဧပြီ ၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်း ကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ က​လေးစာဖတ်ခန်းတွင် ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အိမ်မြှောင့်နဲ့တောက်တဲ့စာအုပ်ထဲမှ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူလေးများအား ပုံပြင်ပြောပြခဲ့ပြီး ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ် ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်/လူရွယ်များအတွက် အသိပညာဗဟုသုတများရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စိတ်အပန်းဖြေ ပျော်ရွှင်စေရန်ရည်ရွယ်၍ Online မှတစ်ဆင့် သုတ၊ ရသ စာအုပ်စာစောင် မိတ်ဆက်ခြင်း အစီအစဉ်၊ ဖတ်ညွှန်း အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့်ကျန်းမာရေးကဏ္ဍ အစီအစဉ်များကို ရိုက်ကူး၍ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ စာကြည့်တိုက် Facebook Page မှ တစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ဆက်လက်ပြီး ​ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ကျောင်းသား၊ ကျောင်းသူလေးများကို စက္ကူအရုပ် ခေါက်နည်းများ သင်ကြားပြသပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)