ကသာ ဧပြီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ခရိုင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ထားသော နွေရာသီပန်းချီ၊ ကာတွန်း၊ ပိုစတာ သင်တန်းသား/သူများကို အာဟာရမုန့်များ လာရောက် ကျွေးမွေးခဲ့သည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီ ပန်းချီ၊ ကာတွန်း၊ ပိုစတာသင်တန်းကို မတ်လ (၂၀) ရက်နေ့မှ ဧပြီလ (၁၂) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အဆိုပါ ပန်းချီသင်တန်းသို့ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀၇)ဦး၊ အလယ်တန်း၊အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၇၃)ဦး တက်ရောက် သင်ကြားလျက်ရှိသည်။ ယနေ့နံနက် (၁၀)နာရီအချိန်တွင် သင်တန်းသား၊ သင်တန်းသူများအား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်နှင့် ဝန်ထမ်းများက မြန်မာ့ရိုးရာ မုန့်များဖြစ်သော မုန့်ပျားသလက်၊ မုန့်အိုးလေးမုန့်များ လာရောက်ကျွေးမွေးခဲ့ကြသည်။
ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် (Community Centre) ခန်းမတွင် မြန်မာ့အစားအစာ မုန့်(၇)မျိုး ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ခဲ့ပြီး ပန်းချီးသင်တန်းသို့ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများအား ပြုလုပ်ကျွေးမွေးခဲ့ကြကြောင်း လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်ထံမှ သိရသည်။
ကျော်စွာ(ကသာ)