ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများနှင့် သင်္ကြန်ဝတ်စုံများထောက်ပံ့ပေးအပ်

မောင်တော   ဧပြီ  ၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများနှင့် သင်္ကြန်ဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန် အဆိုပါရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သတ်၍ ပြောကြားခဲ့သည်။ ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း(၅၇)ဦး အတွက် ဆီ၊ ကြက်သွန်၊ ကြက်ဉ၊ စုစုပေါင်း အမျိုးအစား (၃)မျိုးနှင့် သင်္ကြန်ဝတ်စုံများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဝန်ထမ်းများ လက်ဝယ်သို့  အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဝန်ထမ်းများကိုယ်စား အမျိုးသမီးဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်