မိုင်းငေါ့မြို့ လူထုအ‌ခြေပြုဗဟိုဌာန Community Centreရုံးခန်း၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

မိုင်းငေါ့ ဧပြီ  ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၌ နွေရာသီကျောင်းပိတ်ရက်အတွင် ကလေးသူငယ်များ မှတ်သားမှုစွမ်းရည်နှင့် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတရရှိစေရန်  ပုံပြင်ပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပုံပြင်ပြောပြိုင်ပွဲဆက်လက်ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ (၁၅)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား အမှတ်တရဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)