ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် နွေရာသီ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကျင်းပ

ပြင်ဦးလွင် ဧပြီ ၄    

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အတတ်ပညာတစ်ခုခုကိုရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည် ။

ရှေးဉီးစွာ  ပြင်ဦးလွင်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဝါဝါလွင် က သင်တန်းဆင်း အမှာစကားပြောကြားပြီး  သင်တန်းနည်းပဖြစ်သည့် ဆရာ ဦးမြင့်သန်းဦးက အခြေခံပန်းချီပညာရပ်များအား သင်ကြားပေးခဲ့မှုအကြောင်းနှင့်  အခြေခံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ရွေးချယ်ရခြင်း အကြောင်းတို့အား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် တာဝန်ရှိသူများမှ  အလှူရှင်များအား  ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်  ဆုရရှိကြသော သင်တန်းသားများအား  ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး  သင်တန်းသားများကိုယ်စား  သင်တန်းသားတစ်ဦးမှ  ကျေးဇူးတင်စကား  ပြန်လည်ပြောကြားခဲ့၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းတွင် သင်တန်းသား (၃၅)  ဦးတက်ရောက်သင်ကြားခဲ့ပါကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)