ဟိုပုံး ဧပြီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခြေခံစက်ချုပ်သင်တန်းသင်ကြားနေမှုအား တာဝန်ရှိသူများက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ကြည့်ရှုအားပေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ပြုလုပ် ခဲ့ကြသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားလွင်နှင့် အဖွဲ့ဝင်များက ထောက်ပံ့ငွေများနှင့် စက်ချုပ်သင်တန်းတွင်အသုံးပြုရန်အတွက် ပိတ်စတို့ကိုထောက်ပံ့ပေးအပ်ပြီး နောက် စက်ချုပ်သင်တန်းသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါသင်တန်းသည် ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးလုပ်ငန်းအဆင်ပြေပြီး အသေးစားကိုယ်ပိုင်စက်ချုပ်လုပ်ငန်းများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မတ်လ(၂၀)ရက် နေ့မှ ဧပြီလ (၁၄)ရက်နေ့အထိ စာတွေ/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)