မြိုင်မြို့တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလိုက်လံနှိုးဆော်

မြိုင် မေ ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်း၍ အများပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ လိုက်လံအသိပညာပေးနှိုးဆော်ခဲ့သည်။

ထိုသို့ လိုက်လံအသိပညာပေးနှိုးဆော်ရာတွင် မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်းတို့ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်စေရန်နှင့် မုန်တိုင်းကြောင့်ပျက်ဆီးဆုံးရှုံးမှုများ လျှော့ချနိုင်စေရန်၊ အများပြည်သူများအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်သင့်သည့်လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့်အပြုအမူများကို သိရှိစေရန် နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပြန်ထားသော မုန်တိုင်းသတင်းများကို အစဉ်မပြတ် ကြည့်ရှုနားထောင်ကြရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနဦးစီးအရာရှိ ဒေါ်ဖြိုးမွန်မွန်ထွန်းတို့ လိုက်ပါသောအဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မယ်ခွေ