ဝေါမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ

ဝေါ မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က  ဝေါမြို့နယ် ခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအားလုံး အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေးသည် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအားလုံးတွင် တာဝန်ရှိပြီး မိမိတို့ဆောင်ရွက်သည့် စီမံကိန်းများနှင့် လုပ်ငန်းများအတွက် လျာထားခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်းများကို အကောင်အထည်ဖော်ကြသူများဖြစ်၍ အလေးထားဆောင်ရွက်ကြရန် တက်ရောက်လာသော ဌာနဆိုင်ရာများအား အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက်မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုသက်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် ဦးစီးဌာန (၁၀) ဌာနရရှိပြီး ဆောင်ရွက်မည့်လုပ်ငန်း (၃၆)ခုအတွက် တိုင်းဒေသကြီးဘတ်ဂျက်အနေနဲ့ တန်ဖိုးငွေကျပ် သန်းပေါင်း (၂၁၀၇.၅၁၆)ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပြည်ထောင်စု ဘတ်ဂျက်အနေနဲ့ ရုံးချုပ်ကနေပြီး ကိုင်တွယ်တယ်ဆိုသော်ငြားလည်း ပမာဏမသိရ သော်ငြားလည်း မိမိတို့ဌာနအလိုက် ရုံးချုပ်၊ တိုင်းနှင့်ဆက်သွယ်ပြီး လစဥ်အစီရင်ခံစာ စာရင်းများ အနီးစပ်ဆုံးကိန်းဂဏန်းများ ပေးပို့ကြရန် ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဒေသန္တရစီမံကိန်းရည်မှန်းချက် ကဏ္ဍကြီး သုံးရပ်ဖြစ်သည့် လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးတို့ကို သက်ဆိုင်ရာဌာနများအလိုက် ဒေသန္တရစီမံကိန်းတာဝန်များ ပေးအပ်ခဲ့ပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။

ဝေါမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးမှုစီမံကိန်း (MSDP)ပါ ရည်မှန်းချက်ပန်းတိုင်များ၊ မဟာဗျူဟာများ၊ နည်းဗျူဟာများနှင့် အညီရေးဆွဲထားပြီး ကဏ္ဍကြီးများအလိုက် စုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက်၊ ပုံမှန်ဈေးနှုန်းများအရ တိုးတက်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)