သတင်းများ

မိုးမောက်မြို့နယ်၌ ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု ကြီးကြပ်စစ်ဆေး
Mar 31,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့ ဒိန်ဂါယန်ကျေးရွာအုပ်စု လုံဂျာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉နာရီမှ ညနေ၄ နာရီခန့်အထိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် နွေစပါး(၄၁၁)ဧက စိုက်ပျိုးပြီးဖြစ်
Mar 31,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နွေသီးနှံမျိုးစုံ ပျိုးထောင်စိုက်ပျိုးနိုင်ရေး ဆည်ရေများပေးဝေလျက်ရှိကြောင်းသိရှိရပြီး နွေစပါးများ စတင်ပျိုးထောင်စိုက်ပျိုးလျက်ရှိရာ နွေးစပါး(၄၁၁)ဧက စိုက်ပျိုးပြီးဖြစ် ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးဦးစီးဌာနမှ  သိရသည်။
တနင်္သာရီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းလမ်းများတွင် လမ်းအမည်/လမ်းညွှန် အမှတ်အသားများစိုက်ထူဆောင်ရွက်
Mar 31,2023
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လမ်းညွှန်များ၊ လမ်းအမည်နှင့်လမ်းအမှတ်အသား/အချက်ပြများအား တစ်ပြေးညီဖြစ်စေရေးအတွက် တနင်္သာရီမြို့ပေါ် ရပ်ကွက်များအတွင်း လမ်းများတွင် ယာဉ်အန္တရာယ်ကင်းရှင်း၍ ခရီးသွားပြည်သူများ သွားရောက်လိုသည့်နေရာသို့ အဆင်ပြေပြေလွယ်ကူစွာ သွားလာနိုင်စေရန်ရဉ်ရွယ်လျက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လမ်းအမည်/လမ်းညွှန် အမှတ် အသားများ/အချက်ပြများကို အသစ်စိုက်ထူ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဖား​ဆောင်းမြို့တွင် မဟာသင်္ကြန်ပွဲ​တော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်​ရေး​ ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 31,2023
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်​ကျေးမှု မဟာသင်္ကြန်ပွဲ​တော်ကို ဖား​ဆောင်းမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပ​ရေးလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​​နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ပြုလုပ်သည်။
မိုးနဲမြို့နယ်၌  စာ‌ပေချစ်မြတ်နိုးသူများထံသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း
Mar 31,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဉ်ဖြင့် မြို့နယ်ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကြီးကြပ်ပေးပြီး ဝန်ထမ်းများက ပူးပေါင်း၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနများသို့ ယနေ့နံနက် ၉ နာရီအချိန်က စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့၌ စာပေဗဟုသုတကြွယ်၀စေရေး စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်
Mar 31,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြည်သူများ စာဖတ်ရှိန် မြင့်မားလာစေရေး၊ စာပေဗဟုသုတကြွယ်၀စေရေး၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အထွေထွေဗဟုသုတများကို မျှဝေသုံးစွဲတတ်စေရန်နှင့် စာဖတ်ပရိသတ်များ အဆင်ပြေစေရန် အတွက်ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်/စာစောင်များကို စာဖတ်ပရိသတ်များထံသို့ သွားရောက်၍ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  အမှတ် (၃) ရပ်ကွက်သို့ ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့‌နယ် ကန်ရွာကျေးရွာတွင် ရာသီမရွေး သောက်သုံးရေဖူလုံစေရန် လေးလက်မစက်ရေတွင်း တူးဖော်လှူဒါန်း
Mar 31,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ကန်ရွာကျေးရွာတွင် ဒေသခံကျေးလက်နေ ပြည်သူများ နှစ်စဉ် နွေရာသီကာလ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရ၍ အလှူရှင် ‌ဦးမောင်မောင်ဌေး - ဒေါ်လွင်လွင်မြင့် (USA) မိသားစုနှင့် ဆွေမျိုးသားချင်းများက စုပေါင်းပြီး အလှူငွေမတည် လှူဒါန်းကာ ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး လေးလက်မ စက်ရေတွင်း တူးဖော်လှူဒါန်းပေးလျက်ရှိကြောင်း အဆိုပါ ကျေးရွာနေပြည်သူများထံမှ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စာဖတ်စာငှားမိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်များအား အခမဲ့စနစ် တကျငှားရမ်းပေး
Mar 31,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက် သည်များကို သိရှိနားလည်နိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားတိုးတက်လာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းနှင့် စာဖတ်၊ စာငှားပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ် စာ‌စောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။