မချမ်းဘော မေ ၁၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ရေးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ရေးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးသရုပ်ပြခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မလိခမြစ်ကမ်းဘေး၌ ဆောင်ရွက်ခဲ့သည်။
ရေဘေးအန္တရာယ်ကာကွယ်ရေးသရုပ်ပြဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနတာဝန်ခံ ဦးဝဒမ်းခေါင်ဆင်က အသိပညာပေးသရုပ်ပြပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကိုပြောကြားကာ ရေဘေးအန္တရာယ်ကြုံတွေ့လာပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရေးဘေးဖြစ်ပေါ်နေချိန် ကူညီကယ်ဆယ်ရေးများမလာရောက်မီ လတ်တလောမိမိအိမ်ရှိရေဘူး၊ ရေပုံးများဖြင့် အန္တရာယ်ကာကွယ်နည်းများ၊ အသက်ကယ်အင်္ကျီဝတ်ဆင်နည်းများ၊ အသက်ကယ်ဘောကွင်း အသုံးပြုပုံများကိုအသိပညာပေးပြောကြားပြီး လက်တွေ့သရုပ်ပြကာ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းသရုပ်ပြဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ခံနှင့်ဝန်ထမ်းများ၊ ရဝမ်နှစ်ခြင်းအသင်းတော်ဂျူနီယာ သမ္မာကျမ်းစာသင်တန်းဆရာ ဆရာမနှင့်သင်တန်းသား သင်တန်းသူ ၁၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော့)