သတင်းများ

ကံမမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအား ကျေးရွာများအရောက် ထောက်ပံ့ငွေများပေးအပ်
May 11,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မေ (၈)ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ရပ်ကွက်(၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃)အုပ်စု၊ ကျေးရွာ ( ၁၉ )ရွာတို့တွင် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း၊ လူနေအိမ် (၉၄) လုံးတို့မှာ အမိုးလန်ပျက်စီးခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ယမန်နေ့က ကျေးရွာများအရောက် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
May 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက သဘာဝဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်တက်ရောက်
May 11,2023
ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာ စကားပြောကြားသည်။
ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲနှင့် နွေရာသီအင်္ဂလိပ်စာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
May 11,2023
ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာ ဘာသာစကားကို နားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခဲ့သော နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် သောက်ရေ၊သုံးရေ အခက်ကြုံနေသော​အိမ် ထောင်စု ၁၄၅ စုသို့ သော​က်သုံးရေလှူဒါန်း
May 11,2023
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီ ဖြစ်၍ သောက်သုံးရေနည်းပါးလာသည်နှင့်အမျှ ပုဗ္ဗသီရိမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သည့်ကျေးရွာများသို့ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့်  မြို့နယ်လုံးဆိုင်ရာ ရေရှားပါးသောဒေသများသို့ သောက်ရေသုံးရေ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။
ရမ်းဗြဲမြို့တွင် မုန်းတိုင်းဘေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်
May 11,2023
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် မုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ(၄) နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ်အသိပညာပေး နှိုးဆော်ချက်များကို အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ဟင်္သာတမြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ် စိုက်ထူ
May 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ် စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီခွဲက ဟင်္သာတမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
နမ့်ဆန်မြို့နယ်တွင် Oxygen Plant ကြီးကြပ်မှုကော်မတီ စည်းဝေးပြုလုပ်
May 11,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ယမန်နေ့နံနက်(၁၀)နာ ရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ မြို့နယ်အောက်စီဂျင်စက်ရုံ (Oxygen Plant) ကြီးကြပ်မှုကော်မတီ အစည်းအဝေး ပြုလုပ်ခဲ့ရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။