သိန္နီ မေ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် မောက်ဟွမ်ဆုန် ကိုယ်ပိုင်မူလတန်းကြို ကျောင်းမှကလေးငယ်များ ပုံပြင်ပြောပြိုင်ပွဲကို မေလ ၉ ရက်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က ကလေးငယ်များစာပေဗဟုသုတကြွယ်ဝစေရန်၊ စကားပြောစွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲအား ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပုံပြင်ပြောပြင်ပွဲအားကျင်းပရာ မောက်ဟွမ်ဆုန် ကိုယ်ပိုင်မူလတန်းကြိုကျောင်းမှ ကလေးငယ်(၅)ဦးက မိမိကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)