ဗဟန်းမြို့နယ်၌ မုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ရန်ကုန် မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ဗဟန်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာန၏ ဉီးဆောင်မှုဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ မေလ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်လာနိုင်သော  ဆိုင်ကလုန်းမုန်တိုင်း ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက အသံချဲ့စက်ဖြင့်မြို့နယ်အတွင်း လှည့်လည်အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

အဆိုပါမုန်တိုင်းသတိပေးချက်အသိပေးနှိုးဆော်ရာတွင် ဗဟန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသော ဆိုင်ကလုန်းမုန်တိုင်းငယ် (Depression) သတိပေးချက်အရ  ဆိုင်ကလုန်း မုန်တိုင်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများပါဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများကြိုတင်ကာကွယ်ပြင်ဆင်သတိပြုနိုင်စေရေးအတွက် ကြိုတင်သတိပေး နှိုးဆော်ထားသည်။

ထိုပြင်လက်ကမ်းစာ​စောင်များကို မြို့နယ်အတွင်းလိုက်လံဖြန့်ဝေရာတွင် မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သ​ဘော​ပေါက်လွယ်​စေရန် အ​ရောင်ဖြင့်သတိ​ပေးစနစ်များ၊ မုန်တိုင်းမတိုင်မီအချိန်ကြိုတင်သတိ​ပေးချက်များ၊ မုန်တိုင်းဖြစ်​ပေါ်​နေစဥ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များနှင့် မုန်တိုင်းဖြစ်​ပေါပြီးအချိန်​တွင် ပြုလုပ်ရန်အချက်များအစရှိသည့် အသိပညာရရှိ​စေမည့်လက်ကမ်းစာစောင်များကို ပြည်သူများကျယ်ပြန့်စွာသိရှိနာလည်စေရန် အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ ဆက်)