မိုးကောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မိသားစုဝင်များကြိုတင်ပြင်ဆင်ထားရှိရေး သတိပေးလိုက်လံနှိုးဆော်

မိုးကောင်း မေ ၁၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာချိန်တွင် မိသားစုဝင်များ ကြိုတင်ပြင်ဆင် ထားရှိရေးကို မြို့နယ်မီသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ကျော်ဇင်ထွန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များက မေလ(၁၀)ရက် ညနေ(၅)နာရီခွဲတွင် လိုက်လံနှိုးဆော် ခဲ့ကြောင်း သိရသည်။

ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား (၅)ဂါလံဆန့် ပလတ်စတစ်ပုံးသည် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် မိသားစုဝင် များအတွက် သောက်ရေသန့်များ ကြိုတင်ဖြည့်တင်းစုဆောင်းထား နိုင်သကဲ့သို့ ရေကြီးရေလျှံမှုဘေးအန္တရာယ် ကျရောက်လာပါ ကလည်း လူတစ်ဦး၏ အသက်ကို ကောင်းစွာ ကယ်တင်နိုင်သဖြင့် ရပ်ရွာများ၏ နေအိမ်တိုင်း အသင့်ကြိုတင်ပြင်ဆင်ထားရှိရေး အသိပေးနှိုးဆော် ဆောင်ရွက်ခြင်းဖြစ်သည်။

အလားတူစွာ နမ္မတီးနယ်မြေမီးသတ်စခန်းမှလည်း မေလ(၁၀)ရက် ညနေပိုင်းတွင် မီးသတ်တပ်ဖွဲ့ ဝင်(၃)ဦးဖြင့်  အသိပေးလိုက်လံ နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)