စလင်း မေ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်အပေါင်းမှ ကင်းဝေစေရန်နှင့် မြို့နယ်အတွင်း နေထိုင်ကြသည့် ပြည်သူအများ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရေးအတွက် ယမန်နေ့ နေ့လည် (၃) နာရီအချိန်မှ စတင်ကာ မြို့ပေါ် (၈) ရပ်ကွက်နှင့်ကျေးရွာများ အတွင်းသို့လှည့်လည်၍ သံဃာတော်အရှင်သူမြတ် (၁၈) ပါးတို့က အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များအား ရွတ်ဖတ်ပူဇော် ဆောင်ရွက်ခြင်းများကို စလင်းမြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော် (၁၈) ပါး တို့မှ မြို့နယ်သူမြို့နယ်သား၊ ပြည်သူပြည်သားအားလုံး ဘေးအန္တရာယကင်းရှင်း၍ အနာရောဂါကင်းဝေးစေရေး၊ ဘေးဒုက္ခန္တရာယ်အပေါင်းနှင့် ရောဂါဘေးတို့မှ ကင်းဝေးစေပြီး ချမ်းသာသုခပြည့်စုံစွာဖြင့် မင်္ဂလာကျက်သရေတိုးပွားစေရန်ရည်ရွယ်၍ ပရိတ်ကြီး(၁၁)သုတ်အား ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းများကို စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်ပါခဲ့ကာ မြို့နယ်အတွင်း အန္တရာယ်ကင်းပဌာန်းရွတ်ဖတ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်