ကာလိမြို့၌ မီးဘေးအန္တရယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

ကာလိ မေ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် မီးဘေးအန္တရယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။                            

ဆွေးနွေးပွဲတွင် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ထင်ထင်‌ကျော်က မီးဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရွက်ရမည့် အချက်များကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ကာလိနယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးရဲမင်းဟိန်းက မီးဘေးအန္တရယ်ကျရောက်လာပါက လိုက်နာရမည့် အချက်များ၊ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ရမည့်အချက်များနှင့် မီးငြှိမ်းသတ်နည်းဆိုင်ရာ အချက်များကို ပြည်သူများ သိရှိစေရန် အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထင်ထင် (ကာလိ၊ပြန်/ဆက်)