မအူပင်မြို့တွင် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး ပိုစတာစိုက်ထူ

မအူပင် မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူး၍ မုန်တိုင်းဘေးအန္တရာယ်အသိ ပညာပေးပိုစတာ စိုက်ထူခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က လူစည်ကားရာနေရာဖြစ်သည့် ရေလဲလမ်း အဝေးပြေးကားဂိတ်ဝန်းအနီးတွင် စိုက်ထူခဲ့ကြသည်။

အဆိုပါ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး ပိုစတာတွင် မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်း ဦးတည်ရာ အလိုက်အလိုက် အရောင်သတ်မှတ်ခြင်းနှင့် မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များပါဝင်ပြီး ပြည်သူများ ဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ကာကွယ်နိုင်ရန် ရည်ရွယ်ပြီးစိုက်ထူခြင်းဖြစ်ကြောင်း သိရသည်။

မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးပိုစတာ စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးဟန်လင်းထွဋ်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးဌေးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)