ရွှေကူမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ရွှေကူ မေ ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ရည်ရွယ်၍ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်နှင့် အပူဒဏ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်တို့ကို ယမန်နေ့နံနက် ၁၁ နာရီ ခွဲခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး စာစောင်တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်း အန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းအန္တရာယ် လျော့ပါးရေးအသိပညာပေးစာ စောင်ပါ မုန်တိုင်းသတင်းနှင့် မုန်တိုင်းအဆင့်သတ်မှတ်ချက်များ ၊မုန်တိုင်းအင်အားနှင့် ဦးတည်ရာ အရပ်၊ မုန်တိုင်းအန္တရာယ် မကျရောက်မီ၊ ကျရောက်ဆဲ၊ ကျရောက်ပြီးချိန်များတွင် ဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် မုန်တိုင်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းများနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့်နေသူများနှင့် မြစ်ကမ်းဘေး နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်၊ အပူဒဏ် ကာကွယ်ရေး ကြိုတင်ဆောင်ရွက်ရမည့် အချက်များကို အများပြည်သူ လေ့လာကြည့်ရှု နိုင်ရန် စိတ်ဝင်စားဖွယ် ပြသထားကြောင်း သိရသည်။    

မြို့နယ်(ပြန်/ဆက်)