မိုင်းခတ် မေ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဖြစ်သည့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကိုယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က လူထုအခြေပြဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သဘာဝဘေးအန္တရာယ် အသိပညာပေးအစီအစဥ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခတ်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က Talk Show ပြုလုပ်ဆောင်ရွက်ရခြင်းရည်ရွယ်ချက်ကို ပြောကြားပြီး၊ မိုင်းခတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း၃ဦး မိုခါ (MOCHA) မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင် ရမည့်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်း ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်း ဖြစ်ပေါ်နေချိန်တွင် လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားရမည့်အချက်များ စသည်တို့ကို အသိပညာပေးပြောကြားခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲများအား ပြည်သူများကြည့်ရှုလေ့လာမှတ်သားနိုင်စေရေးအတွက် Online မှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိရာ သိရှိလိုသည်များအား We Love Mong khatt Facebook Page တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)