ပခုက္ကူ မေ ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ်နှင့် အခြားသဘာဝဘေး အန္တရာယ်များအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ကြိုတင်ပြင်ဆင်မှု ပြုလုပ်နိုင်ကြစေရန်ရည်ရွယ်၍ မုန်တိုင်းအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show) ပွဲအစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အသိပညာပေး (Talk Show) ပွဲအစီအစဉ်တွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာ၊ ယာယီနေ့စားဝန်ထမ်းများ ဖြစ်သည့် ဒေါ်သူဇာနှင့်ဒေါ်အေးမြတ်မွန်တို့က သဘာဝဘေးအန္တရာယ် အမျိုးအစားများနှင့် မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေ၊ မုန်တိုင်းသတိပေးချက် အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ မုန်တိုင်းမဖြစ်မီ ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းဖြစ်ချိန်တွင် ရှောင်ရှားသင့်သည့် အချက်နှင့် လိုက်နာရန်အချက်များ၊ မုန်တိုင်းပြီး ဆုံးချိန်တွင် ပြုလုပ်ရန်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး အသိပညာပေးရှင်းလင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)