အောင်လံမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

အောင်လံ မေ ၁၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့တွင် ပြည်သူများ မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို သိရှိစေရန်ရည်ရွယ်၍ မုန်တိုင်းအန္တရာယ် ကာကွယ်ရေးဆိုင်ရာ နံရံကပ်စာစောင် အသိပညာပေးနံရံကပ်စာစောင်တို့ကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက်ရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် မုန်တိုင်းရာသီမကျရောက်မီလိုက်နာရမည့်အချက်များ၊ မုန်တိုင်းတိုက်ခတ်လာသောအခါ လိုက်နာရမည့်အချက်များ၊ မုန်တိုင်းအန္တရာယ်ကျရောက်ပြီးပါက လိုက်နာရမည့်အချက်များ၊ မုန်တိုင်းသတင်းနှင့် မုန်တိုင်းအဆင့်များ၊ မုန်တိုင်းအင်အားနှင့် ဦးတည်ရာအလိုက် အရောင်သတ်မှတ်ချက်များ၊ မုန်တိုင်းသတိပေးချက်နှင့်ပတ်သက်၍ သတိပြုရန်အချက်များ၊ မုန်တိုင်းကြောင့်မြင့်တက်လာနိုင်သည့် ရေလှိုင်းအန္တရာယ်များပါ အသိပညာပေးထုတ်ပြန်ချက်များကို အများပြည်သူလေ့လာကြည့်ရှုနိုင်ရန် စိတ်ဝင်စားဖွယ်ပြသထားကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)