နမ့်ခမ်း မေ ၁၂
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျရောက်လာပါက အချိန်နှင့်တပြေးညီ လျင်မြန်စွာ တုံ့ပြန်ကူညီဆောင်ရွက်ပေးပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် လျင်မြန်စွာကူညီ ဆောင်ရွက်နိုင်ရန် ယမန်နေ့ ကယ်ဆယ်ရှာဖွေရေးပစ္စည်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးကျရောက်လာသည့် အချိန်တွင် လျင်မြန်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို အသုံးပြု၍ လျင်မြန်စွာကူညီဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ့်ခမ်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးရဲအောင်က သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ဌာနအနေဖြင့် ယခုလို ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်ကျရောက်မည့် အခြေအနေများဖြစ်ပေါ်လာပါက ကျွန်တော်တို့ ဌာနကို ဆက်သွယ်ဆောင်ရွက်ပေးရန်နှင့် ဆက်သွယ်လာပါက လျင်မြန်လွယ်ကူစွာ ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းတို့ကိုလည်း ပြောကြားခဲ့သည်။
နမ့်ခမ်း(ပြန်/ဆက်)