ကျိုင်းလပ်မြို့၌ မုန်တိုင်းဘေးအန္တရာယ်နှင့် သတိပြုရမည့် အပူဒဏ်အန္တရာယ် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်ပြသ

ကျိုင်းလပ် မေ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မုန်တိုင်းဘေးအန္တရာယ်  အသိပညာပေးနှင့် သတိပြုရမည့် အပူဒဏ်အန္တရာယ်များကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့က ပြသထားကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များကို ပြသထားကြောင်း သိရသည်။

ထို့နောက် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ်ကြောင့်သတိလစ်ခြင်း၊ အရေပြား နီလာခြင်းမူးဝေခြင်း၊ ကိုယ်အပူချိန်မြင့်ခြင်း၊ ပျို့အန်ခြင်း၊နှလုံးခုန်မြန်ခြင်း၊ ခေါင်းကိုက်ခြင်း အစရှိသည့် အ‌ကြောင်းအရာများကို ပြသပေးခဲ့ကြောင်း သိရသည်။

မေဇင်ဦး ပြန်/ဆက်