ပင်းတယ မေ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူအများစုက စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင်ကြရာ ဉယျဉ်ခြံများနှင့် နေအိမ်ခြံဝန်းများအတွင်း ဟင်းသီးဟင်းရွက်ပင်များစိုက်ပျိုးရောင်းခြခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ပင်းတယမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ တောင်သူများသည် နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်သီးနှံများကို အဓိကထားစိုက်ပျိုးကြပြီး မိသားစုစားသုံးမှု ဖူလုံရေးနှင့်အပိုဝင်ငွေရရှိရေးအတွက် တစ်ပိုင်တစ်နိုင်စိုက်ခင်းများတွင် ချဉ်ပေါင်ပင်၊ မုံညှင်းပင်၊ ရုံးပတီးပင်၊ ဖရုံသီးပင်၊ ငရုတ်သီးပင်၊ ဆလတ်ရွက်ပင်နှင့် သခွားသီးပင်များကို စိုက်ပျိုး၍ပင်းတယမြို့မဈေးနှင့် ကျေးရွာများရှိ ဈေးများတွင်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိကြကြောင်း ရေဖြူကျေးရွာမှ တစ်ပိုင်တစ်နိုင်စိုက်ခင်းစိုက်ပျိုး ရောင်းချသူတစ်ဦးထံမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)