လောက်ကိုင်မြို့၌ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

လောက်ကိုင် မေ  ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက ထုတ်ပြန်သည့် ဘင်္ဂလားပင်လယ်အော် အခြေအနေ၊ မုန်တိုင်းအရောင် အဆင့်အညွှန်းအမှတ်များ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာသိကောင်းစရာများ၊ မုန်တိုင်းအတွက် ကြိုတင် ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များအား ပြည်သူများလွယ်ကူစွာ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင် စောင်ရေ(၃၀၀)ကို (အခမဲ့) ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ညိုညိုဝင်း (လောက်ကိုင်)