သုံးခွမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Apr 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်လူရွယ်များ စကားပြောစွမ်းရည်တိုးတက်လာစေရန်၊ လူအများအရှေ့တွင် ပြောရဲဆိုရဲသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ မြန်မာရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတတ်စေရန်၊ မှတ်ဉာဏ်စွမ်းရည်မြင့်မားစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာများပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉:၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။