မြို့သစ်မြို့နယ်တွင် စာဖတ်ဝိုင်း ကျင်းပ

မြို့သစ် မေ ၁၂

မကွေးတိုင်းဒေသ​ကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် မေလ ၁၀ ရက်နေ့ ညနေပိုင်းက စာရေးဆရာ ဝတ်ရည်ခင်(ပဲခူး)ရေးသားသည့် "မြန်မာ့မေတ္တာစွမ်းကမ္ဘာကို လွှမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင် အငြိမ်းစားဆရာ ဦးတင်မောင်ဝင်းနှင့် ဦးမြင့်ကြည်တို့က "မြန်မာ့မေတ္တာစွမ်းကမ္ဘာကို လွှမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ" စာအုပ်တွင် ပါဝင်သည့် "ကူညီဖေးမ ပရဟိတ၊ သစ်ပင်တွေကိုချစ်ပါ၊ အလှအတွက် မှန်ကြည့်၊ ဘဝအတွက် စာကြည့်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ၊ ဆိုဆုံးမလွယ်ကူခြင်း မင်္ဂလာ၊ အစကောင်း၍ အနှောင်းသေချာ၊ မြန်မာ့မေတ္တာစွမ်းကမ္ဘာကို လွှမ်းစေရမည်" စသည့် ကျောင်းသားလူငယ်များအတွက် ဗဟုသုတပိုင်းဆိုင်ရာ၊ စိတ်ဓာတ်မြင့်မားရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/​ဆက်)