နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask အခမဲ့ဖြန့်ဝေ

နောင်တရား မေ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့အဝင်၌ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မိုင်နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask  အခမဲ့ ဖြန့်ဝေသည်။

အဆိုပါ ပူးပေါင်းအဖွဲ့ဝင်များက ကိုဗစ်မျိုးကွဲသစ် မျိုးရိုးဗီဇပြောင်း XBB.1.16(Arcturus) ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နောင်တရားမြို့အတွင်း ဝင်ထွက်သွားလာသည့် ဈေးရောင်း၊ ဈေးဝယ်များ၊ ခရီးသွားပြည်သူများကို ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ  ထပ်ဆောင်းကာကွယ်ဆေး မပျက်မကွက် ထိုးနှံနိုင်ရန် အသိပညာပေး ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask အခု(၁၀၀၀)ခန့်အား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)