နောင်တရား မေ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့သို့ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယာယီနေရပ်စွန့်ခွာ ပြည်သူများသို့ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မှိုင်မှ ယမန်နေ့နံနက်ပိုင်းတွင် ပြည်လည်ထောက်ပံ့ပေးအပ်သည်။
နောင်တရားမြို့ ရတနာရန်နိုင်စေတီတော်၌ ယာယီနေရပ်စွန့်ခွာသည့် ပြည်သူ(၄၀၀)ဦး၊ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ယာယီနေရပ်စွန့်ခွာသည့် ပြည်သူ(၁၀၀)ဦးတို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် တစ်ထောင်ကျပ်ဖြင့် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို မြို့အုပ်ချုပ်ရေးမှူးက ပြန်လည်ထောက်ပံ့ပေးခဲ့သည်။
ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အခြေခံစားသောက်ကုန်၊ သောက်သုံးရေနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအပြင် အခြေခံလိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လူမူရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)