ကျွန်းလှ မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ်တုံ့ပြန်နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကျွန်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ထိုသို့ ဆောင်ရွက်ထားရှိရာတွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကယ်ဆယ်ရေးတပ်ဖွဲ့နှင့် ကယ်ဆယ်သုံးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိခြင်းကြောင်း သိရသည်။
ထို့အပြင် ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ချောင်းမကြီးဘေးတလျှောက် နေထိုင်သည့် ပြည်သူများအား ရေသန့်ဘူးဖြင့် အသက်ကယ်နည်းနှင့် အသက်အင်္ကျီ ဝတ်ဆင်နည်းများ သရုပ်ပြသခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
မျိုးဝင်းညို ကျွန်းလှ