ပုဗ္ဗသီရိမြို့နယ်တွင် မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ပုဗ္ဗသီရိ မေ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ၏ ညွှန်ကြားမှုအရ  ပုဗ္ဗသီရိ​မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မုန်တိုင်းဘေး အသိပညာပေး လက်ကမ်း စာစောင်များကို  ယမန်နေ့နံနက်ပိုင်းက ကျည်တောင်ကန်စျေးနှင့် လူစည်ကားရာနေရာများသို့ အခမဲ့ဖြန့်ဝေခဲ့သည်။

ထိုသို့ ဖြန့်ဝေရာတွင် ပုဗ္ဗသီရိ​မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ကျည်တောင်ကန်စျေးအတွင်း စျေးရောင်း၊ စျေးဝယ်များနှင့် ထုံးဘိုမီးပွိုင့်လမ်းစုံ၌ ခရီးသွားပြည်သူများ၊  စျေးရောင်း၊ စျေးဝယ်များအား နေပြည်တော်ကောင်စီမှ ထုတ်ဝေသည့် မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင် ၁၅၀၀ ခုအား အခမဲ့ဖြန့်ဝေခဲ့ပြီး မုန်တိုင်း​ဘေးအန္တရာယ် အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)