သတင်းများ

မချမ်းဘော့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Apr 03,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည် မြင့်မားလာစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမရှိ ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Apr 03,2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်သည့် အစိုးရပါဠိပထမပြန်စာမေးပွဲအား ၂၀၂၂ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ၌ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းအသီးသီးမှ ကြွရောက်ဖြေဆိုတော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား စာအောင်ဆုချီးမြှင့်ပူဇော်ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့လယ်သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ကျင်းပသည်။
စုကလိမြို့တွင် ရာသီစာ ဒန့်သလွန်သီးများ အရောင်းအဝယ် စျေးကောင်းရရှိ
Apr 03,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ရာသီပေါ်သီးနှံတစ်ခုဖြစ်သည့် ဒန့်သလွန်သီးများ ယခုနှစ်တွင်ပေါများစွာ ထွက်ရှိပြီး စျေးကောင်းရရှိလျက်ရှိသည်။ ဒန့်သလွန်သီးများသည် ယခင်နှစ်ထက် ပိုမိုအထွက်ကောင်းလာပြီး ရောင်းချရာတွင် ၅ ထောင့်ပါ တစ်စည်းလျှင် ထိုင်းဘတ်ငွေ ၅ ဘတ်ပေးရပြီး မြဝတီမြို့သို့ တင်ပို့ရောင်းချပေးလျက်ရှိသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “လူငယ်ရေးရာ” အသိပညာပေး ဟောပြောပွဲပြုလုပ်
Apr 03,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  စာဖတ်ဝိုင်းကျင်းပ
Apr 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀)နာရီခွဲက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ် ဇီးချိုကုန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက ၅၀ စိုက်ပျိုး
Apr 03,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာအုပ်စု ဇီးချိုကုန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက ၅၀ ကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းဆောင်ရွက်
Apr 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊  ကော့မှူးမြို့နယ်တွင် အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့သစ်ရပ်ကွက်မူကြိုကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြော
Apr 03,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုကောင်းစွာ အသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး ဧပြီ(၃)ရက်နံနက်(၁၀)နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။