ဖြူး မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်(၁၀)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက ဖြူးမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်အတိုင်း ဌာနဆိုင်ရာများအလိုက် ဆောင်ရွက်သွားရမည့် လုပ်ငန်း ရည်မှန်းချက်ပြည့်မှီရေး ဆောင်ရွက်သွားနိုင်ရန် ဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူ၊ အဖွဲ့ဝင်း(၁)ဗိုလ်မှူးဇော်မျိုးနောင်၊ အတွင်းရေးမှူးရဲမှူးထိုက်လင်းတို့က ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များကို ပေးအပ်ကြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်းနှင့် ဖြူးမြို့နယ်၏၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်ချက်များနှင့် ရင်းနှီးမြှပ်နှံမှုလျာထားချက်များ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဌာနဆိုင်ရာအသီးသီးနှင့် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် စီမံကိန်းရည်မှန်းချက်များ ပြည့်မှီ ကျော်လွန်အောင်စီမံချက်များရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ ဆက်)