မိုင်းလုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ပျက်စီးသော အိမ်များကို ဝုန်းမေတ္တာလူမှုကူညီရေးအသင်းမှ ထောက်ပံ့ငွေများ ပေးအပ်

မိုင်းလုံ မေ ၁၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ပျက်စီးသောအိမ်များကို သွားရောက်၍  ဝုန်းမေတ္တာလူမှုကူညီရေးအသင်းမှ ထောက်ပံ့ငွေများကို ယမန်နေ့နံနက်(၁၁)နာရီအချိန်ခန့်က သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

(၈.၅.၂၀၂၃)ရက်နေ့တွင် လေပြင်း၊ မိုးသီးနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လူနေအိမ်အချို့ အမိုးလှန်ခြင်း၊ အမိုးများ ပေါက်ပြဲခြင်း၊ စိုက်ခင်းများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သောကြောင့်  ဝုန်းမေတ္တာလူမှုကူညီရေးအသင်းမှ မိမိတို့တက်နိုင်သော အင်အားဖြင့် တစ်အိမ်ထောင်လျှင်(၂၀၀၀၀၀/-)ကျပ်တိတိကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်သောကြောင့် အရာအားလုံးကို မကူညီနိုင်သော်လည်း မိမိတို့၏ အသင်းသူ/အသင်းသားများမှ တက်နိုင်သော အင်အားဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းကို ဝုန်းမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဇော်ဇော်( ပြန်/ဆက်)