ချောင်းဆုံမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ချောင်းဆု မေ ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို  ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) များပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြီး ချောင်းဆုံမြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ရဲလွင်က ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအမျိုးအစားများနှင့် မုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေ၊ မုန်တိုင်းသတိပေးချက်အရောင် အညွှန်းနှင့်လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ မုန်တိုင်းမဖြစ်မီကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းဖြစ်ချိန် တွင်ရှောင်ရှားသင့်သည့်အချက်နှင့် လိုက်နာရန်အချက်များ၊ မုန်တိုင်းပြီးဆုံးချိန်တွင် ပြုလုပ်ရန်အချက်များ လည်းကောင်း(ဘေး/စီမံဌာန)မှဘေးသင့်ပြည်သူအတွက် ကူညီထောက်ပံ့ပေးနိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကို ပြည်သူများသိရှိစေရေး အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်ပြည်သူများဗဟုသုတရစေမည့် အသိပညာပေး ဆွေးနွေးပွဲများ  ကို Online မှတစ်ဆင့်အစဉ်အမြဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သူဇာ (ပြန်/ ဆက်)